လက်ပံတောင်းဒေသဆည်တည်း
ကျေးရွာ မှ မရီဝင်း ပိုင်ဆိုင်သည့် လယ် ၉ဧကခွဲ အား မတ်၂၂ ရက်နေ့နေလည် ၂း၀၀ခန်တွင် ၀မ်ပေါင်ကုမ္ပဏီကအဆောက်အဦးဆောက်လုပ်ရန်
အတွက်စက်ယန္တရားကြီးဖြင့် မြေညို့ ရာမှ ဆည်တည်း ရွာသူရွာသားများနှင့် အခြေအတင်စကားပြောဆို
ခြင်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါမရီဝင်း ပိုင်ဆိုင်သည့်လယ်ယာမြေ ၉ဧကခွဲမှာ ၀မ်ပေါင် ကုမ္ပဏီမှပေးနေသည့်လယ်ယာမြေ လျော်ကြေးအားယူထာခြင်းမရှိ့ ကြောင်းသိရပြီး ယင်းကဲ့သို့ ၀မ်ပေါင်ကုမ္ပဏီဘက်မှ မရီဝင်းပိုင်ဆိုင်သည့် လယ်ယာမြေအပေါ် ပိုင်ရှင်မသိပဲ ၀င်ရောက် လုပ်ကိုင်ခြင်းနှင့် ပက်သက်ပြီးလယ်ပိုင်ရှင် မရီဝင်းက “ဟိုတုန်းက ၃နှစ်စာလျော်ကြေးဆို ပြီးပေးတဲ့ ၂၀၁၁ တုန်းကလည်း ပဲစင်းငုံ တွေ နှမ်းခင်းတွေ အကုန်လုံးအဖျက်စီးခံလိုက်ရတယ် အခုလည်းမြေလျော်ကြေးဆိုပြီး ပေးပြီးတော့ လယ်တွေကိုအပိုင်သိမ်းနေကြတယ် ကျွန်မက သူတို့ပေးတဲ့ မြေယာလျှော်ကြေးကို မယူ ထားပါဘူး အခုလို ကျွန်မလယ်မြေကို ကျွန်မ မသိပဲ
အခုလိုလယ်ယာကိုလာဖျက်စီးတာနဲ ပက်သက်ပြီး တော့ ကျွန်မ ဦးပိုင်ဝမ်ပေါင်ကုမ္ပဏီကို တရားစွဲမယ် ကျွန်မတို့ ကဒေါ်စုပြောသလိုတရာဥပဒေကိုလေးစာလိုက်နာလို့ သပိတ်စခန်းတွေတောင်ရုပ်သိမ်းပေးထားပါတယ် တရားဥပဒေကို တကယ်တန်းမလေးစားတာ မြန်မာဝမ်ပေါင်က တာဝန်ရှိသူတွေပါ ကျွန်မတို့ကတစ်ဧကကို ၁၀ သိန်းဆိုတဲ့ လျော်ကြေးကိုလုံးမယူပါဘူး ၁၀ သိန်းမပြောနဲ့ သိန်းတစ်ထောင်ပေးလည်း မယူနိုင်ဘူး ကျွန်မတို့ကတော့ တရားစွဲသွားမှာပါ” ဟု ဆည်းတည်ကျေးရွှာကအသက် ၄၂ နှစ်အရွယ်မရီဝင်းကပြောသည်။
ယင်းကဲ့သို့ မြန်မာဝမ်ပေါင်ကုမ္မဏီမှ မရီဝင်းလယ်မြေအား တူးဆွနေသည့် စက်ယန္တာယားကြီးအား မောင်းနှင်းလာသည့်
ကုမ္မဏီဝန်ထမ်းအား မေးမြန်ရာတွင် “ကျွန်တော့်ကို ၀မ်ပေါင်ကုမ္မဏီက ဒီလယ်မြေပာာ မြေလျော်ကြေးပေးပြီးသွားပြီ မင်းသွားပြီးမြေညှိဆိုလို့ ကျွှန်တော်လာလုပ်ရတာပါ၊ နောက်ပြီးတော့ ကျွှန်တော်က မြန်မာဝမ်ပေါင်ကုမ္မဏီက စက်ယန္တာယားတွေကို ငှားထားတဲ့ စီနိုပိာုက်ဒရိုကုမ္မဏီ(၁)ကပါ” ပာု မြန်မာဝမ်ပေါင်ကုမ္မဏီကစက်ယန္တာယားများငှားယူထားသည့်စီနိုပိာုက်ဒရိုကုမ္မဏီ(၁)က၀န်ထမ်း ကို ရန်နိင်မိုးကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပက်သတ်ပြီး မြန်မာဝမ်ပေါင်ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးနှစ်တွေ့ဆုံလိုသည်ပာု Hot New သတင်းထောက်မှပြောဆိုသည့်အခါမြန်မာဝမ်ပေါင်ကုမ္မဏီမှတာဝန်ရှိသူမပာုတ်ဘဲ ရဲမှုးဇော်ဝင်းထွဋ်ရောက်လာသည့်အတွက် ရဲမှုးဇော်ဝင်းထွဋ်ကို ထိုဖြစ်စဉ်နှစ်ပက်သတ်ပြီးမေးမြန်ရာတွင် ဥပဒေအတိုင်း ကျွှန်တော်တို့ဆောင်ရွက်ပေးပါမယ်ကျန်တာကတော့ကျွန်တော်မှဘာမှပြောစရာမရှိပါဘူးပာု ရဲမှုးဇော်ဝင်းထွဋ်ကပြောကြားခဲ့သည်။

HOT NEW မျိုးမြင့်
No comments:
Post a Comment