Sunday, March 24, 2013

အိမ်ခြံမြေ စာရွက်စာတမ်းများကို ညဘက်စစ်ဆေးပြီး ငွေကြေးတောင်းယူနေ



ကရင်ပြည်နယ်၊ ဘားအံမြို့၊  အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူများက ရပ်ကွက်အတွင်းရှိရပ်ကွက်နေပြည် သူအချို့အိမ်များကို နံနက် (၄) နာရီဝန်းကျင်အချိန်များတွင် အိမ် ခြံမြေပိုင်ဆိုင်မှုစာရွက်စာတမ်းများ  လိုက်လံတောင်းယူစစ်ဆေးပြီး စာရွက်စာတမ်းကို
သိမ်းကာနောက်  နေ့တွင် ရုံးသို့ခေါ်ပြီးငွေကြေး တောင်းခံနေကြောင်းသတင်းရရှိ  သည်။
အထက်ပါဖြစ်ရပ်များတွင် ပိုင်ဆိုင်မှုပြဿနာတစ်စုံတစ်ရာ အငြင်းပွားဖွယ်မရှိသော အိမ်၊ ခြံ၊ မြေစာရွက်စာတမ်းများ၊ ရပ်ကွက်တည်ဦးစကပင် ရိုးရှင်းစွာဝယ်ယူ ခဲ့ပြီး ၁၀ နှစ်ကျော်နေထိုင်လာခဲ့ သူ၏ စာရွက်စာတမ်းများ၊ အရောင်းအ၀ယ်သဘောတူစာချုပ်   နှင့် သက်ဆိုင်ရာမြေစာရင်းဦးစီး ဌာနမှ တရားဝင်ထုတ်ပေးထား သော စာရွက်စာတမ်းများကို မည်သည့်ပြဿနာမှမရှိဘဲ အချိန် မဲ့အခါမဲ့ နံနက် (၄) နာရီအချိန် ကြီးတွင် ရပ်ကွက်အုပ်ချုပ်ရေးရုံး မှ လာရောက်တောင်းယူစစ်ဆေး   ခြင်းများကိုခံနေကြရကြောင်း ၎င်း ရပ်ကွက်သားတစ်ဦးကပြောကြား သည်။
အတောင်းခံရသော စာရွက်  စာတမ်းများကို ရပ်ကွက်ရုံးသို့ နောက်နေ့ ၁၀ နာရီခွဲအချိန်လာ ရောက်တောင်းယူရမည်ဖြစ်ကြောင်း၊  မိမိ၏စာရွက်စာတမ်းများကို ပြန်လည်သွားရောက်ရယူသည့်အခါ  ရပ်ကွက်ရုံးတံဆိပ်နှိပ်ပြီး ငွေသုံး သောင်း၊ ငါးသောင်းစသည်တောင်း ယူခြင်းများခံကြရကြောင်း ငွေပေး  ကာစာရွက်စာတမ်းပြန်ယူခဲ့ရသူ  ကာယကံရှင်အချို့ထံမှ သတင်း ရရှိသည်။
အထက်ပါကိစ္စရပ်များနှင့် ဆက်နွယ်ပြီးအမျိုးသမီးကြီးတစ်ဦး၏အိမ်ခြံမြေစာရွက်စာတမ်းတစ် စောင်ကိုလည်း တောင်းယူခံခဲ့ရ ကြောင်း၊ မြို့နယ်မြေစာရင်းဦးစီး ဌာနမှ ထုတ်ပေးထားသော သူမ ၏လက်ဝယ်ရှိစာရွက်စာတမ်းမှာ အတုဖြစ်သည်ဟုဆိုကာ ရပ်ကွက် ရုံးမှ အစစ်ပြုလုပ်ပေးမည်ဟုဆိုပြီး  ရုံးသို့ယူဆောင်သွားကြောင်း၊ ရပ်ကွက်ရုံးသို့သွားရောက်ပြန်လည် တောင်းယူသောအခါငွေငါးသောင်း  ပေးမှ စာရွက်စာတမ်းများရမညိုဆိုသဖြင့် အလုပ်လက်မဲ့အဒေါ် ကြီးမှာ စာရွက်စာတမ်းများမယူ နိုင်ခဲ့ကြောင်း သိရသည်။
ယင်းကိစ္စအခက်အခဲအတွက်  သတင်းထောက်တစ်ဦးက ၎င်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံခွင့်တောင်း ပြီး အုပ်ချုပ်ရေးမှူးက အတုဟု ပြောသော စာရွက်စာတမ်းကို သက်ဆိုင်ရာဌာနသို့သွားရောက် ပြသ၍ အတု-အစစ်ခွဲခြားစစ်ဆေး  စေခဲ့ရာ “၎င်းစာရွက်စာတမ်းသည် အတုမဟုတ်၊ အစစ်သာဖြစ်ကြောင်း၊  ဤစာရွက်၌လက်မှတ်ထိုးထားသော အရာရှိသည်ပင်ယခုအခါညွှန်ကြား   ရေးမှူးဖြစ်နေပြီဖြစ်ကြောင်း ၎င်းင်း ဌာနမှတာဝန်ရှိသူက ရှင်းလင်းပြော  ကြားခဲ့သည်ဆို၏။
အုပ်ချုပ်ရေးမှူးက အဆိုပါ သတင်းထောက်အားပြောကြား သော စကားများတွင် မင်းတို့ မီဒီ ယာသမားတွေ အမှန်အတိုင်းရေး၊ အမှန်အတိုင်းမရေးရင်တော့ တရား  စွဲခံရမယ်ဆိုသော စကားတစ်ရပ်  လည်း ပါဝင်ကြောင်းအဆိုပါ သတင်းထောက်ထံမှ သိရှိရသည်။
ယင်းစကားနှင့် ပတ်သက်ပြီး “သတင်းမီဒီယာတွေက အမှန်အတိုင်း   ရေးလို့ ရေးတဲ့အတိုင်းအမှန်တွေ  ပေါ်ပေါက်လာတဲ့အခါ မီဒီယာ  ကို တရားစွဲမလား၊ မီဒီယာက တရားစွဲရမှာလား ဆိုတာလည်း ထည့်သွင်းစဉ်းစားထားရမည်ဖြစ်ကြောင်း   အခြားသတင်းသမားတစ်ဦးက ၎င်း၏သဘောထားကိုဝင်ရောက်  ပြောကြားသွားသည်။
သတင်းထောက်တစ်ဦး၏  ဆောင်ရွက်ပေးမှုကြောင့် ယင်း  အမျိုးသမီး၏ စာရွက်စာတမ်းများ   ကို အတု၊ အစစ်သွားရောက်စစ် ဆေးသည့်နေ့တွင်ပင် ပြန်လည်ရရှိ ခဲ့ကြောင်း သိရသည်။


   ထင်အောင်လင်း၊ မင်းသစ်ကျော်               
 HOT NEW JOURNA

No comments:

Post a Comment