Sunday, December 25, 2011

ကွန်ပျူတာသုံးသောသူများအတွက် အထူးသတိပြုရမည့်အချက် ( Danger )

..ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထားသင့်တယ်ထင်လို့ပါ ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။ မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသောသုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား ရှင်သန်နိုင်ကြောင်း
လေ့လာတွေ့ ရှိရသည်။ ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲတွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ များ အထိဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။
ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။
တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ် တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။  အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀ကျော်မှ ရသောကလေးလေး ဖြစ်သည်။  အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby ) လေး ဖြစ်သည်။
အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူ
ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို ချီပြီး နမ်း တတ်သည်။
ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်တအားနုနယ်သည့် ကလေးလေး ပေါ့။
သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာဆေးရုံတက်ရက်သည်။
ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(NeonatalSepsis) ဟုဆိုသည်။
၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။
မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?
အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပ တခြားအချိန်တွင်အထိအတွေ့ နည်းသည်။ နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း စနစ်တကျရှိလှသည်။
တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။
တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကို
ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီး သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူလက်မှာ ရှိတဲ့ Bacteria တွေကို Culture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့် Bacteria က အမျိုးပေါင်း များစွာပင်။ထို Bacteria တွေ က နုနယ်သည့် (immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။  ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောကြပါ။ ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ စက်များမှာ လူတန်းစားပေါင်းစုံသုံးစွဲနေကြတော့ ညစ်ပတ်မှာက အသေအချာပင်။
ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့်ကို ဂရုတစိုက်လုပ်ဆောင်သင့်သည်။
တစ်ချို့ အင်တာနက်ဆိုင်တွေ ရဲ့ သန်စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျ လုပ်ထားပေးသည်များရှိသည်။
ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။
မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ် Spray ဘူးလေးများဆောင်ထားကြသည်။
သူတို့ အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန်စင်ကြသည်ကိုတွေ့ ဖူးသည်။
ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲသန့် စင်နိုင်သည်။
ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့် သေချာစွာဆေးကြောသင့်သည်။
သင်တို့၏လက်ကိုသန်
့ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။

USB Memory Stick ထဲကဖိုင်တွေကို ဖျက်မရ..ကော်ပီလုပ်မရတော့ဘူးလား။(ဖြေရှင်းနည်းလေးပါ)

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး
မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။
အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ
တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိအောင် ဖြစ်ရတော့တာပါဘဲ။ ကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့်
လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies
ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry
Editor မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့
Error မပေါ်တော့ပါ/
Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ။

Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ

အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူးဆိုရင်တော့ သေချာသလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ ပြောပြမှာပေါ့ဗျာ။ အဲဒါပြောချင်လို့ကို ဒီလိုအစပျိုးလိုက်တာ။


၁။ နံရံက Wall Outlet က ကောင်းရဲ့လား သေချာအောင်လုပ်ပါ။ ၎င်းအပြင် Laptop DC Adapter က Wall Outlet ကနေ Power ရနေရဲ့လားကြည့်ပါ။ တကယ်လို့ Power မရဘူးဆိုရင် အခြား Wall Outlet တစ်ခုကို ပြောင်းတပ်ကြည့်ပါ။

၂။ Laptop DC Power မှာ Voltage Output ကမှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးပါ။ DC Power ကို Voltmeter နဲ့စမ်းသပ်နိုင်ပါတယ်။

၃။ DC Adapter ကကောင်းတယ်၊ Voltage Output ကလည်း မှန်ကန်တယ်ဆိုရင် Laptop မှ Power Adapter ကိုဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ တစ်မိနစ်၊ နှစ်မိနစ်လောက် ခဏထားပါ။ ပြီးရင် Adapter ကို Plug ပြန်ထိုးပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။

ဒါမှမဟုတ် မိမိစမ်းသပ်တုန်းက Adapter က မကောင်းတာဆိုရင်တော့ နောက်ထပ် DC Adapter နဲ့ လဲလိုက်ပါ။ DC Adapter ကို ၀ယ်မယ်ဆိုရင် ပျက်သွားတဲ့ Adapter နဲ့ ပုံစံတူဝယ်ရမှာပါ။ အကယ်၍ Adapter လဲလိုက်လို့လည်း Laptop က ပျက်နေတုန်းဆိုရင်တော့ Motherboard က ပျက်နေတာ (သို့မဟုတ်) DC Power Jack ကပျက်နေတာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ DC Power Jack က ကျိုးနေပြီး Adapter ကနေ Motherboard ဆီကို Power မပေးနိုင်တာဖြစ်ဖို့ များပါတယ်။ အဲဒါဆိုရင်တော့ Laptop ကိုပြန်ဆင်ပြီးတော့ Power Jack ကို အစားထိုးမှရမှာပါ။


Problem2

Laptop ရဲ့ DC Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ Laptop မှာ ဖြစ်ပေါ်နေကြ အသံ (normal noise) တွေလည်း ကြားရတယ်။ LED ကလည်း ပုံမှန်အတိုင်းလင်းတယ်။ ဒါပေမယ့် Screen မှာကျ ဘာမှမပေါ်ဘူး။ Laptop က Start မဖြစ်ဘူး။ ဒါဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။

ပထမဦးဆုံး LCD Screen ကို သေချာစွာကြည့်ပါ။ Laptop LCD Screen မှာ ဘာ Image မှ မပေါ်ဘူးဆိုရင် အခြား External Monitor တစ်လုံးနဲ့တွဲပြီး စမ်းကြည့်ပါ။ Laptop ရဲ့ VGA Port ကို External Monitor နဲ့ Join လိုက်ပါ။ ပြီးတော့ Laptop ကို Power On ပြီး စမ်းသပ်ကြည့်ပါ။

Laptop ရဲ့ Internal LCD Screen နဲ့ External Screen ကြားမှာ Video Output ထွက်ရှိဖို့အတွက် HP Laptop တွေမှာဆိုရင် Fn နဲ့ F4 Keys ကို တစ်ပြိုင်ထဲနှိပ်ပေးရမှာပါ။ Toshiba Laptop တွေမှာဆိုရင် Fn နဲ့ F5 ၊ IBM Laptops တွေမှာဆိုရင် Fn နဲ့ F7 Keys တို့ကို နှိပ်ပေးရမှာပါ။ အဲဒီလို LCD (သို့) Video Cable က ပျက်နေတာပါ။ Video Cable က Motherboard နဲ့ Laptop LCD Screen နဲ့သေချာစွာ ချိတ်ဆက်ထားတယ်ဆိုပေမယ့်လည်း သူ့ကို ပြန်ဖြုတ်ပြီး ပြန်ချိတ်ကြည့်ပါ။ အကယ်လို့ External Monitor နဲ့စမ်းကြည့်လို့မှ ဘာ Image မှ မပေါ်ဘူး။ ပျက်နေတယ်ဆိုရင်တော့ LCD Screen နဲ့ Video Cable ရဲ့ Error မဟုတ်တော့ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့ ဖြစ်နိုင်ချေအများဆုံးက Laptop Memory ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Laptop Memory ကို ဖြုတ်ပြီး အခြား Slot မှာပြောင်းပြီးတပ်ကြည့်ပါ။ အကယ်၍ မိမိမှာ Memory Module နှစ်ခုရှိလို့ရှိရင် ၎င်းတို့ကို တစ်ခုပြီးတစ်ခုပြန်ဖြုတ်ပြီး တစ်ခုချင်းစီ ပြန်စမ်းကြည့်ပါ။ ၎င်းနှစ်ခုထဲက တစ်ခုခုက ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Memory ကို Slot ပြောင်းတပ်၊ Memory Module တွေကို ဖြုတ်ပြီး တစ်ခုချင်းစမ်းသပ်လို့မှ မရဘူးဆိုရင် ဒါဟာ Memory နဲ့ ပတ်သက်တဲ့ Error မဟုတ်လို့ပါ။ Laptop မှာ Battery ၊ Hard Drive နဲ့ DVD Drive တို့ကိုဖြုတ်ပြီး ၎င်းပစ္စည်းတွေမပါဘဲ Laptop ကို ဖွင့်ကြည့်ပါ။

နောက်တစ်နည်းက Motherboard မှ Laptop ရဲ့ Video Cable ကို Plug ဖြုတ်ပြီး External Monitor နဲ့ Laptop ကိုတွဲပြီး Power ပြန်ဖွင့်ကြည့်ပါ။

External Monitor မှာကောင်းစွာ အလုပ်လုပ်တယ်ဆိုရင်တော့ Laptop ရဲ့ Display Panel က တစ်ခုခုမှားယွင်းနေတာ ဖြစ်ပါလိမ့်မယ်။ Hard Drive တို့၊ DVD တို့ကို ဖြုတ်စမ်းတာလည်း မရဘူးဆိုရင် နောက်တစ်နည်း Wireless Card ၊ Modem ၊ Keyboard တို့ကို ဖြုတ်ပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။

အဲဒါလည်းပဲ External Monitor မှ ဘာမှမပေါ်ဘူးဖြစ်နေတယ်။

နောက်ဆုံးတော့ Laptop ကို Disassembled လုပ်ပြီး Motherboard ကို ဖြုတ်လိုက်ပါ။

အထက်ကပုံမှာဆိုရင် Video Card က Motherboard မှာ ပေါင်းစပ်တပ်ဆင်ထားတယ်။ CPU မှာ Heatsink နဲ့ Cooling Fan ပါတယ်။ Memory Module ကလည်း ကောင်းတယ်။ DC Power Adapter ကလည်း ကောင်းကောင်းအလုပ်လုပ်တယ်။ Power ဖွင့်လိုက်တဲ့အခါမှ CPU Cooling Fan ကလည်တယ်။ Monitor မှာ ဘာမှပေါ်ဘူးဆိုရင် သေချာသလောက်ကတော့ (95%ကတော့) Motherboard မကောင်းတာပဲ ဖြစ်ဖို့များပါတယ်။

Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း

from နောက်ဆုံးတင်ထားသည့်အကြောင်းအရာ
များ - Mistake 51 Area by chitoo


Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း

ကျွန်တော်တို့အသုံးပြုနေတဲ့ Laptop တွေမှာ Hardware ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေပျက်စီးနေလို့ရှိရင် ဘယ်လိုဖြေရှင်းကြမလဲ။ Hardware ပိုင်းဆိုင်ရာ တစ်ခုခုပျက်စီးနေတာနဲ့ပဲ အဲဒီ Laptop ကြီးကို အသုံးမပြုတော့ဘူးလား။ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲနော်။ အဲဒီပျက်နေတဲ့ အစိတ်အပိုင်းကိုရော အစားထိုးပြီး အသုံးမပြုတော့ဘူးလား။ ဘာပဲပြောပြော အစားထိုးပြီး အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းဆိုရင်တော့ အစားထိုးပြီး အသုံးပြုချင်တာပဲပေါ့။ ဒါကြောင့် ဒီသင်ခန်းစာလေးကို ရေးလိုက်တာပါ။ ဆက်လက်လေ့လာလိုက်နော်။



Network Port ပျက်စီးခြင်း

Laptop အများစုမှာတော့ Network Port (RJ-45 Port) ကို ရောင်းကတည်းက Motherboard နဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး Built In အနေနဲ့ပါရှိတာပါ။ ၎င်း RJ-45 (Network Port) ပျက်စီးသွားလို့ရှိရင် ၎င်း Laptop နဲ့ Network ချိတ်ဆက်ချင်တဲ့အခါ ဘယ်လိုအသုံးပြုကြမလဲ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမှာလား။ စဉ်းစားစရာပါပဲ။ Desktop မှာဆိုရင်တော့ ရှင်းရှင်းလေးပဲ နောက်ထပ် Network Card တစ်ခုကို PCI Slot မှာ ကောက်စိုက်လိုက်ရုံပေါ့။ အခု Laptop ဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ လွယ်ပါတယ်ဗျာ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမယ့် အစား PCMCIA Network Card (aka LAN PC Card) ကို အသုံးပြုနိုင်ပါတယ်။ ၎င်း LAN PC Card ကို Laptop ရဲ့ ရနိုင်တဲ့ PC Slot မှာ တပ်လိုက်လို့ရှိရင် Laptop မှာ Network Port ရသွားမှာပေါ့။


USB Port ပျက်နေခြင်း

Laptop တိုင်းမှာဆိုဆို USB Port ပါရှိပါတယ်။ USB Port က တစ်ခုမက ပါရှိပါတယ်။ ၎င်းတို့အထဲက တစ်ခုလောက်ပဲပျက်မယ်ဆိုရင်တော့ အကြောင်းလားဗျာ။ နောက်တစ်ခုကို ပြောင်းပြီး အသုံးပြုလိုက်ရုံပါပဲ။ ဒါပေမယ့် အဲဒီလိုမှမဟုတ်ဘဲ USB Port တွေအားလုံးပျက်နေပြီဆိုရင် ၎င်း Laptop ကို USB အသုံးပြုချင်တဲ့အခါ (or) Motherboard ပေါ်မှာ ရှိတဲ့ USB Controller ကြီးတစ်ခုလံးပျက်စီးသွားတဲ့အခါတွေမှာ ဘယ်လိုအသုံးပြုကြမလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Motherboard တစ်ခုလုံးလဲရမှာလား။ Motherboard တစ်ခုလုံးလဲမယ့်အစား PCMCIA USB Card ကို အသုံးပြုနိုင်တယ်။ ၎င်း USB Card ကို PC Slot မှာ Plug ထိုးပြီး အသုံးပြုရမှာပါ။ USB Card မှာက USB Port နှစ်ခုပါရှိတာရှိသလို၊ USB Port (၄) ခုပါတာတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ PCMCIA Card ပေါ်မှာ မူတည်ပါတယ်။



Internal Wireless (Wi-Fi) Card ပျက်စီးခြင်း

အခုနောက်ပိုင်း Laptop မှာ Internal Wireless Card တွေပါရှိလာပါပြီ။ အချို့ Wireless Card တွေဟာဆိုရင် Laptop ရဲ့အောက်ခြေကနေ Door လေးကို အသုံးပြုပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ တစ်ချို့ Model တွေမှာဆိုရင်တော့ Case အတွင်းမှာ နက်ရှိုင်းစွာတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ၎င်း Internal Wireless Card က ပျက်သွားတဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ။ Internal Wireless Card ကို အစားထိုးလိုက်လို့ရသလို၊ PCMCIA Wireless Card ကို အစားထိုးလို့ ရပါတယ်။


Internal Flash Memory Card Reader ပျက်နေလျှင်

အခုနောက်ပိုင်း Newer Laptop တွေမှာဆိုရင် Internal Memory Card Reader တွေပါရှိလာပါတယ်။ Flash Memory Card တော်တော်များများကို ၎င်း Card Reader မှာ ထိုးပြီး အသုံးပြုလို့ရပါတယ်။ တကယ်လို့ Built In ပါလာတဲ့ Card Reader ပျက်သွားပြီဆိုတော့လည်း External USB Flash Memory Card Reader ကိုဝယ်ပြီး အသုံးပြုလို့ရပါတယ်။


Internal CD/DVD Drive ပျက်နေခြင်း


Laptop တိုင်းမှာ CD/DVD Optical Drive တွေပါရှိပါတယ်။ ၎င်း Drive ပျက်စီးနေပြီဆိုရင်တော့ External USB Optical Drive တွေကို အစားထိုးပြီး အသုံးပြုလို့ရပါတယ်။

ဓာတ်ပုံလေးတွေကို Effect တွေ နောက်ခံသီချင်းတွေနဲ့ DVD Slideshow ချပ်ကလေးဖန်တီးမယ်


     ဒီနေ သူငယ်ချင်းများအတွက် မိမိဓာတ်ပုံလေးတွေကို Effect လေးတွေ နောက်ခံ သီချင်းလေးတွေ
ထည့်ပြီး DVD Slideshow ချပ်ကလေးတစ်ခုဖန်တီးနိုင်ဖို့ အတွက် Wondershare DVD Slideshow Builder
ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အသုံးပြုရတာလွယ်ကူရိုးရှင်းလှတာမို့ ကြိုက်နှစ်သက်ကြမယ်
လို့ ထင်ပါတယ်။
(၁)   အထက်ပါပုံအတိုင်းပွင့် လာသောအခါ Standard Mode နဲ့  Advanced Mode ကြိုက်ရာရွေးချယ်အသုံး
ပြုနိုင်ပါတယ်။ဒီ Mode တွေက ဓာတ်ပုံတစ်ပုံနဲ့ တစ်ပုံအကူးအပြောင်းမှာ အသွင်အမျိုးမျိုးနဲ့  Slide လုပ်ပေးနိုင်
တာပါ။
(၂)   ဓာတ်ပုံများစွာကို တစ်ပြိုင်တည်းထည့်သွင်းနိုင်ပြီး Effect များကို Drag ဆွဲ၍ အလွယ်တကူသွင်းနိုင်ပြီး
နောက်ခံသံစဉ်သီချင်းများကို မိမိကြိုက်နှစ်သက်ရာသီချင်းများကို ကြိုတင်ဒေါင်းလော့လုပ်ယူ ထည့်သွင်းနိုင်ပါ
တယ်။မိမိနှစ်သက်ရာ Title များပါရိုက်၍ ထည့်သွင်းနိုင်ပါတယ်။
(၃)   ပြုလုပ်ပြီး Slideshow အား Preview ပြန်လည်ကြည့်ရှုနိုင်ပြီး လိုအပ်သည်များကို Edit လုပ်နိုင်ပြင်ဆင်
နိုင်ပါတယ်။
(၄)   နောက်ဆုံးအဆင့်မှာတော့ Burn လိုလျှင် Burn ပြီး Save လိုလျှင်လည်း မိမိစက်အတွင်း ဒါမှမဟုတ် ဖုန်း
အတွင်းသို့  မိမိသိမ်းလိုသည့် File Type အတိုင်း ပြောင်းလည်း၍ သိမ်းဆည်းထားနိုင်ပါတယ်။သူ့ မှာအားနည်း
ချက်ကလေးကတော့ Save လုပ်ရာမှာ အချိန်နည်းနည်းပေးရတာပါဘဲ။လွယ်ကူစွာသုံးနိုင်တဲ့အတွက် အသုံးပြု
ပုံအသေးစိတ်ကိုတော့ ရေးမပေးဘဲ အကြမ်းဖျင်းသာပြောပြရခြင်းဖြစ်ပါတယ်။စမ်းသပ်သာသုံးကြည့်ကြပါလို့ ပြော
ပါရစေခင်ဗျာ စိတ်ဝင်စားတယ်ဆိုရင်ပေါ့လေ။
        အလိုရှိသူများကဒီနေရာလေးမှာယူလိုက်ကြပါခင်ဗျာ။Full အသုံးပြုနိုင်ရန်အတွက် Licensed E-mail
နှင့် Registration Coad ပါတစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။

Thunderbird ကို Enigmail ၊ GPGT တို့နဲ့ သုံးစွဲခြင်း - လုံခြုံတဲ့ အီးမေးလ် ဂလိုင်း

Mozilla Thunderbird ဟာ အခမဲ့ ဖြစ်ပြီး အီးမေးလ်တွေ ပေးပို့တာ၊ လက်ခံတာနဲ့ သိမ်းဆည်းတာတွေ လုပ်ပေးနိုင်တဲ့ ပွင့်လင်းတဲ့ အရင်းအမြစ် အီးမေးလ် ဂလိုင်းတခု ဖြစ်ပါတယ်။ ပရိုဂရမ် တခုထဲကို သုံးပြီး အီးမေးလ် အကောင့် အတော်များများကို စီမံခန့်ခွဲနိုင်တယ်။ Enigmail နဲ့ GnuPG တို့က စစ်မှန်ကြောင်း အတည်ပြုပေးပြီး၊ ဒစ်ဂျစ်တယ် လက်မှတ်ထိုးခြင်းနဲ့ စာဝှက်စနှစ်တို့က အီးမေးလ် ဆက်သွယ်ရေးကို privacy ရှိစေပြီး လုံခြုံစေပါတယ်။
Thunderbird, Enigmail နဲ့ GnuPG ကို ဒေါင်းလုဒ် လုပ်ခြင်း

  • လက်စွဲလမ်းညွှန် နိဒါန်းအကျဉ်းကို ဖတ်ရှုပါ
  • www.mozilla.com/thunderbird စာမျက်နှာကို ဖွင့်ဖို့ အောက်က Thunderbird icon ကို နှိပ်ပါ
  • installer ဖိုင်ကို save လုပ်ထားဖို့ အခမဲ့ download ရယူနိုင်တဲ့ link ကို နှိပ်ပါ၊ အဲဒီဖိုင်ကို နေရာချပြီး၊ နှစ်ချက် နှိပ်ပါ
  • www.enigmail.mozdev.org/download ကို ဖွင့်ဖို့ အောက်က Enigmail icon ကို နှိပ်ပါ
  • Download v1.1.2 for Thunderbird 3.1 ကို ရယူနိုင်တဲ့ link ကို ညာဖက် နှိပ်ပြီး၊ သူ့ရဲ့ add-on ကို Desktop ပေါ်မှာ save ထားပါ
  • www.gnupg.org/download စာမျက်နှာကို ဖွင့်ဖို့ အောက်က GnuPG ပုံသင်္ကေတကို နှိပ်ပါ
  • Binaries အပိုင်းကို သွားပြီး၊ GnuPG 1.4 compiled for Microsoft Windows FTP ကို နှိပ်ပါ။ ပြီးရင် installer ဖိုင်ကို save လုပ်ထားပါ
  • Enigmail နဲ့ GnuPG တို့ကို စတင် install လုပ်ဖို့ Thunderbird လမ်းညွှန်ထဲက အခန်း ၄.၁ Enigmail နှင့် GnuPG တို့ကို install ပြုလုပ်နည်း ကို သွားပြီး လေ့လာပါ
  • Installation လုပ်ပြီးတဲ့အခါ installers နဲ့ add-ons တို့ကို ကွန်ပျူတာထဲကနေ ပယ်ဖျက်နိုင်တယ်

Thunderbird: Enigmail: GnuPG -


Thunderbird, Enigmail, GnuPG ကို Install လုပ်ခြင်း

  • လက်ကမ်း လမ်းညွှန်နိဒါန်းအကျဉ်းကို ဖတ်ပါ
  • *အောက်တွင်ဖော်ပြထားသော Thunderbird၊Enigmail နှင့် GnuPG ပုံလေးကို ကလစ်နှိပ်လိုက်ပါ လိုအပ်ပါက installer ကိုအရင် save လုပ်ပြီး ၄င်းကို click နှစ်ချက်နှိပ် *ပါ။
  • ရှေ့ဆက်မသွားခင် Installation လမ်းညွှန်ကို ဖတ်ပါ။
  • Install လုပ်ပြီးပါက , installer ဖိုင်အားသင့်ကွန်ပျူတာမှ ဖျက်လိုက်နိုင်ပါသည်။

Thunderbird: Enigmail: GnuPG:


ပင်မ စာမျက်နှာ


ကွန်ပျူတာ လိုအပ်ချက်များ -

  • ၀င်းဒိုး ဗားရှင်း အားလုံး

ဒီလမ်းညွှန်ထဲမှာ အသုံးပြုတဲ့ ဗားရှင်းများ

  • Thunderbird 3.1.5
  • Enigmail 1.1.2
  • GNU Privacy Guard (GnuPG) 2.0.4

လိုင်စင် ခွင့်ပြုချက်

  • အခမဲ့ဖြစ်ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗဲဝဲ

ဖတ်ရှုရမဲ့ အကြောင်းအရာများ


အဆင့် - ၁။ လက်သင်၊ ၂။ ပျမ်းမျှ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်

ဒီဆော့ဗ်ဝဲကို စတင် သုံးစွဲဖို့ လိုအပ်တဲ့ အချိန် - ၄၀ မိနစ်

ပြန်လည်ရရှိမည့် အကျိုးကျေးဇူးများ -

  • ပရိုဂရမ်တခုထဲကို သုံးစွဲပြီး အီးမေးလ် အကောင့် အတော်များများကို စီမံခန့်ခွဲနိုင်တယ်
  • အင်တာနက်လိုင်း မရှိတဲ့အခါ အီးမေးလ်တွေကို ဖတ်ရှုနိုင်တယ်၊ ရေးသာနိုင်တယ်
  • အီးမေးလ်ကို သီးသန့်ဖြစ်စေဖို့ public key စာဝှက်စနှစ်ကို အသုံးပြုနိုင်တယ်

GNU Linux, Mac OS နဲ့ တခြား Microsoft Windows နဲ့ လိုက်ဖက်တဲ့ ပရိုဂရမ်များ -

Mozilla Thunderbird အီးမေးလ် ဂလိုင်းကို GNU Linux, Mac OS, Microsoft Windows နဲ့ တခြား OS တွေမှာ အသုံးပြုနိုင်တယ်။ အီးမေးလ် အကောင့် မျိုးစုံကို စီမံခန့်ခွဲရတာ ဒစ်ဂျစ်တယ် လုံခြုံရေး ရှုထောင့်ကနေကြည့်မယ် ဆိုရင် ရှုပ်ထွေးတဲ့ အလုပ်တခု ဖြစ်တယ်။ ဒါကြောင့် အဲဒီရည်ရွယ်ချက်အတွက် သုံးမယ်ဆိုရင် Mozilla Thunderbird ကို အသုံးပြုဖို့ အထူး အကြံပြုလိုတယ်။ ပလက်ဖောင်း မျိုးစုံမှာ အသုံးပြုနိုင်တဲ့ အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ပရိုဂရမ်ဖြစ်တဲ့ Thunderbird မှာ ရရှိနိုင်တဲ့ လုံခြုံရေးဆိုင်ရာ အကျိုးအမြတ်တွေဟာ စီးပွားဖြစ် ထုတ်လုပ်တဲ့ Microsoft Outlook နဲ့ နှိုင်းယှဉ်ရင် ပိုပြီး အရေးပါပါတယ်။

ဒါပေမယ့်၊ Mozilla Thunderbird မဟုတ်တဲ့ တခြား ပရိုဂရမ် တခုခုကို အသုံးပြုမယ် ဆိုရင် အောက်မှာ ပါရှိတဲ့ အခမဲ့ပြီး ပွင့်လင်းတဲ့ တခြား အရင်းအမြစ်တွေကို ကျွန်တော်တို့ အကြံပြုလိုပါတယ် -

  • Claws Mail ကို GNU Linux နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်တယ်။
  • Sylpheed ကို GNU Linux, Mac OS နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်တယ်။
  • Alpine ကို GNU Linux, Mac OS နဲ့ Microsoft Windows တို့မှာ အသုံးပြုနိုင်တယ်။

၁.၁ ဒီပရိုဂရမ်ကို စတင် အသုံးမပြုခင် သိထားသင့်တဲ့အချက်များ


Mozilla Thunderbird ဟာ အခမဲ့ ဖြစ်ပြီး အီးမေးလ်တွေ ပေးပို့တာ၊ လက်ခံတာနဲ့ သိမ်းဆည်းတာတွေ လုပ်ပေးနိုင်တဲ့ ပွင့်လင်းတဲ့ အရင်းအမြစ် အီးမေးလ် ဂလိုင်းတခု ဖြစ်တယ်။ အီးမေးလ် ဂလိုင်း ဆိုတာ အင်တာနက် browser မပါပဲ အီးမေးလ်တွေကို download လုပ်ပေးနိုင်၊ စီမံခန့်ခွဲပေးနိုင်တဲ့ ကွန်ပျူတာသုံး ကိရိယာတခု ဖြစ်တယ်။ ပရိုဂရမ်တခုထဲကို သုံးစွဲပြီး အီးမေးလ် အကောင့် အတော်များများကို စီမံခန့်ခွဲနိုင်တယ်။ Thunderbird ကို အသုံးမပြုခင် သင့်ဆီမှာ အီးမေးလ် အကောင့်တခုခု ရှိနေရမှာ ဖြစ်တယ်။ အကယ်လို့ ဆန္ဒရှိတယ် ဆိုရင် Gmail (သို့) RiseUp အီးမေးလ် အကောင့်တွေကိုလည်း ဖွင့်ထားလို့ ရပါတယ်။

Enigmail ဟာ Thunderbird အတွက် အထူး ထုတ်လုပ်ထားတဲ့ add-on တခု ဖြစ်တယ်။ အဲဒါကို အသုံးပြုပြီး သုံးစွဲသူတွေဟာ GNU Privacy Guard (GnuPG) က ပံ့ပိုးထားတဲ့ စစ်မှန်ကြောင်း အတည်ပြုချက်တွေ၊ စာဝှက်စနှစ် features တွေကို အသုံးပြုနိုင်တယ်။

GnuPG ဟာ public key စာဝှက်စနစ် ပရိုဂရမ် တခု ဖြစ်ပြီး အီးမေးလ်စာတွေကို စာဝှက်တဲ့နေရာမှာ၊ စာဝှက်ဖေါ်တဲ့ နေရာတွေမှာ အသုံးပြုနိုင်တဲ့ key pairs တွေကို ထုတ်လုပ်ပေးပြီး စီမံခန့်ခွဲတဲ့နေရာမှာ ဖြစ်ဖြစ်၊ အီးမေးလ် ဆက်သွယ်ရေး လမ်းကြောင်းတွေကို သီးသန့်ဖြစ်စေဖို့နဲ့ လုံခြုံစေဖို့ အသုံးပြုနိုင်တယ်။ Enigmail အလုပ်လုပ်နိုင်အောင် GnuPG ကို install လုပ်ပေးရမှာ ဖြစ်တယ်။

Zawgyi ဖြင့် စာဖတ်လို့ရပြီး စာရိုက်လို့မရတဲ့ ပြဿနာများအတွက်

zawgyi keyboard ရိုက်မရတာနဲ့ပါတ်သတ်လို့ သိသလောက်ပြောပြပါမယ်။
ပထမဆုံး zawgyi ကိုတော့ install လုပ်ထားရမှာပေါ့လေ။

စာဖတ်လို့ရပြီး unicode keyboard ကိုမပေါ်တဲ့ပြဿနာအတွက် ဒီလိုလုပ်ပါ။

run box မှာ intl.cpl လို့ရိုက်ပြီး Regional and Language Options ကိုဖွင့်ပါ။
Regional and Language Options ဆိုတဲ့ box ကျလာမယ်။ အဲ့မှာ Languages tab ထဲက Details ကိုနှိပ်ပါ။
ပြီးတော့ Advanced tab ထဲက Turn off advanced text services ဆိုတဲ့နေရာမှာ uncheck လုပ်ပါ။ ပြီးရင် apply >> ok ဆိုရင် keyboard လေးပေါ်လာပါမယ်။ keyboard လေးသာပေါ်လာတာ တစ်ချို့ အဲ့ဒီ keyboard ထဲမှာ zawgyi keyboard မပါသေးလို့ စာရိုက်မရတာတွေရှိတယ်။

unicode keybaord ထဲမှာ zawgyi keyboard ကို install လုပ်ခြင်း

ပုံထဲကအတိုင်း keyboard လေးပေါ်ကို r-click နှိပ်ပြီး settings ကိုနှိပ်ပါ။


ဒီနေရာမှာ zawgyi keyboard ပါမပါကြည့်ပါ။ မပါသေးရင် add ကိုနှိပ်ပါ။


ပုံမှာ ပြထားတဲ့အတိုင်း ကိုယ် install လုပ်ထားတဲ့ zawgyi အမျိုးအစားကို ရှာပြီးရွှေးပါ။ ပြီးတော့ ok နှိပ်ပါ။



အခုလို zawgyi keyboard လေးရောက်လာတာတွေ့ရပါမယ်။ ပြီးတော့ apply >> ok နှိပ်ပါ။
ဒါဆိုရင်တော့ zawgyi keyboard ကို install လုပ်ပြီးပါပြီး Shift+Ctrl ကို တစ်လှည့်ဆီနှိပ်ပြီးတော့ပဲဖြစ်ဖြစ်၊ keyboard icon လေးမှာ mouse လေးနဲ့ထောက်ရွှေးပြီးတော့ပဲဖြစ်ဖြစ် zawgyi ကိုသုံးလို့ရပါပြီ။ တစ်ချို့ကျတော့လည်း keyboard shortcut က Shift+Ctrl မဟုတ်ဘဲ Shift key တစ်ခုတည်းဖြစ်ရင်ဖြစ်နေတက်ပါတယ်။ Key Setting မှာ change လို့ရပါတယ်။ တော်တော်များများကတော့ zawgyi ကို install လုပ်ပြီးရင် ဘာမှ မလိုပါဘူးအဆင်ပြေပါတယ်။

Friday, December 23, 2011

Hard disk ပုံမှန်အလုပ်မလုပ်တော့တာ Error တက်တာ ဖြေရှင်းမယ်

မိမိကွန်ပျူတာရှိ hard disk ပုံမှန် အလုပ်မလုပ်တော့တာ error တက်နေတာမျိုးကြုံတွေ့ခဲ့ရင် အောက်ပါနည်းလေးနဲ့ ဖြေရှင်းလိုက်ပါခင်ဗျာ...
၁။ မိမိ ပြုပြင်လိုတဲ့ hard disk ကို right click နှိပ်ပြီး Properties ကို ရွေးပါ...
၂။ Hard disk Properties Dialog Box ကျလာပါမယ် Menu Bar မှ Tools ကိုရွေးလိုက်ပါ...
၃။ Check Now ဆိုတဲ့ Button လေးကို click လိုက်ပါ...
၎။ Check Disk My Hard Disk ဆိုတဲ့ Box ကျလာပါဦးမယ်

အဲဒီ Box ထဲကမှ Automatically fix file system errors နှင့် Scan for and attempt recovery of bad sector ဆိုတဲ့ စာကြောင်း နှစ်ခုလုံးကို Check လုပ်ပြီး Start Button ကို click လိုက်ပါ .. Restart တောင်းရင်လည်း တောင်းပါလိမ့်မယ်... Restart ပေးပြီး ပြန်တက်လာရင်တော့ OK သွားပါလိမ့်မယ်.. ခင်ဗျာ..

Hard disk ပုံမှန်အလုပ်မလုပ်တော့တာ Error တက်တာ ဖြေရှင်းမယ်

မိမိကွန်ပျူတာရှိ hard disk ပုံမှန် အလုပ်မလုပ်တော့တာ error တက်နေတာမျိုးကြုံတွေ့ခဲ့ရင် အောက်ပါနည်းလေးနဲ့ ဖြေရှင်းလိုက်ပါခင်ဗျာ...
၁။ မိမိ ပြုပြင်လိုတဲ့ hard disk ကို right click နှိပ်ပြီး Properties ကို ရွေးပါ...
၂။ Hard disk Properties Dialog Box ကျလာပါမယ် Menu Bar မှ Tools ကိုရွေးလိုက်ပါ...
၃။ Check Now ဆိုတဲ့ Button လေးကို click လိုက်ပါ...
၎။ Check Disk My Hard Disk ဆိုတဲ့ Box ကျလာပါဦးမယ်

အဲဒီ Box ထဲကမှ Automatically fix file system errors နှင့် Scan for and attempt recovery of bad sector ဆိုတဲ့ စာကြောင်း နှစ်ခုလုံးကို Check လုပ်ပြီး Start Button ကို click လိုက်ပါ .. Restart တောင်းရင်လည်း တောင်းပါလိမ့်မယ်... Restart ပေးပြီး ပြန်တက်လာရင်တော့ OK သွားပါလိမ့်မယ်.. ခင်ဗျာ..

Shut Down ချတဲ့ Shortcuts လေး လုပ်ရအောင်

Desktop ပေါ်မှာ right click နှိပ်ပြီး New > Shortcuts ကို ယူလိုက်ပါ...
Create Shortcut ဆိုပြီး ပေါ်လာရင် သူပေးထားတဲ့ box ထဲက Browse ဆိုတဲ့ ဘေးက အကွက်လေးမှာ
shutdown -s -t 01 -c"Turn off your PC"
လို့ ရိုက်ထည့်ပြီး Next > Finish လုပ်လိုက်ရင် ရပါပြီ ခင်ဗျာ..
အဲဒါလေးကို ကိုယ်က သူများကို နောက်ချင်ရင်တော့ လိုချင်တဲ့ Icon ပုံစံလေးချိန်းပြီးထားလိုက်ပေါ့ဗျာနော့..
အခုဆိုရင် အဲဒီ့ shortcut လေးကို Double click လိုက်တာနဲ့ ၁ စက္ကန့်အတွင်း shutdown ကျသွားမှာ ဖြစ်ပါတယ် ခင်ဗျာ..

Wireless Computer နှစ်လုံးကို wireless ချိတ်ခြင်း

Dec 13, '11 2:04 AM
for everyone
အောက်တွင်ဖော်ပြထားသော Open Network And Sharing Centre ကို  Click လုပ်ပါ။

(၂)
ဖော်ပြထားသောနေရာကို Click လုပ်ပါ။


(၃)
Click လုပ်ပါ။ ပုံ (၄) ကျလာမည်။

(၄)
Network Name နဲ့ Security Key ကိုတည့်ပါ။ Security Key အနည်းဆုံး ၈ လုံးရှိရမည်။ ပြီးလျှင် Next ကို Click လုပ်ပါ။ ပြီးလျှင် Box ကို Close လုပ်ကာထွက်လိုက်ပါ။

(၅)
Waiting for users ပေါ်လာလျှင် ကျန် Computer မှ Network Card ကိုဖွင့် ပြီး မိမိထောင်ထားသော Network ကိုရှာ Network Security Key ကိုရိုက်ပြီး လျှင် computer နှစ်လုံး Network မိသွာပြီဖြစ်သည်။
မသိသူများကိုသာရည်ရွယ်ပြီးခြင်းဖြစ်ပါသည်။ သိလွန်းပြီးပြောခြင်းမဟုတ်ပါ။
လေးစားလျှက်

Thursday, December 22, 2011

အင်တာနက် သုံးခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုး ၁၀ ချက်

အင်တာနက်သုံးခြင်း၏ ကောင်းတယ် (၁၀) ချက်
1. Typping မြန်လာခြင်းနှင့် သူငယ်ချင်း များတိုးလာခြင်း
2. နည်းပညာခေတ်ရေစီးကြောင်းထဲမှာ ဘာပဲလိုလို အင်တာနက် တွင်ရနိုင်ခြင်း
3. အသက် (၄၀) ကျော်လို့ ရည်းစားမရဘူးလား စိတ်မညစ်နဲ့ ရည်းစားရစေရမယ်ကံကောင်းရင် လီယောင်ဂျေး တောင်ရနိုင်တယ် အဲ ….. ကံမကောင်းရင်တော့ထမိန်ပေါင်ပြီး အင်တာနက်သုံးရကိန်း ရှိသည်။
4. အဓိက ကောင်းကျိုးကတော့ အပြင်မှာ လမ်းတွေ့ရင်တောင် နှုတ်မဆက်ကြတဲ့ သူတောင်အင်တာနက်ထဲရောက်လာရင် ဟိုင်း … နေကန်းလား … ချားပြီးပြီလားလို့ကြင်နာစိတ်ရှိလာခြင်း
5. တပြိုင်နက် ရည်းစား 5 ယောက်ထက်မနည်း ထားလို့ရခြင်း ကြောင့် ပန်းခြံ ၊ရုပ်ရှင်ရုံ ၊ Coffee shop တို့အားသွားရာတွင် ကုန်ကျမည့်
ပိုက်ဆံချွေတာနိုင်ခြင်း
6. ဘာ ………. ဟိုမင်းသမီး ….. ဟိုမင်းသား အမလေးလေး လာမပြောနဲ့ အင်တာနက်ထဲမှာရောက်နေပြီ အဲလို မြန်တာ
7. ရည်းစားစာကို ဘလောခ်တင်ပြီး ခံစားရတာကို ချစ်သူ သနားလာအောင် ရေပြနိုင်ခြင်း
(J-me ပြောသလို အင်္ဂလန်က ဘုရင်မကြီးတောင် ကြွေသွားမယ် )
8. ကိုယ့်ကိုကိုယ် ရုပ်ဆိုးလို့ အားငယ်နေလား အားမငယ်နဲ့ အင်တာနက်မှာဒါတွေမလိုဘူး
9. စိတ်ပြေလက်ပျောက် ဓာတ်ရှင် ကြည့်မလား ၊ သီချင်းနားထောင်မလား ၊ ဟာသ ဖက်မလားရတယ် ဘာပဲလိုလို အင်တာနက်မှာရှိနေခြင်း
10. အင်တာနက်ကြောင့် မိန်းကလေးများဟိုပေါ် ဒီပေါ်များ ၀တ်ဆင်မှု နည်းပါးလာခြင်းကဲမကောင်းဘူးလားဗျာ အင်တာနက်ရှိတာ ………………
အင်တာနက်သုံးခြင်း၏ မကောင်းဘူး (၁၀) ချက်
1. မကောင်းတာ တော်တော် လေးကိုမကောင်းတာ ပိုက်ဆံကုန်ခြင်း မျက်စိများမှုန်ဝါးလာခြင်း
2. မြင်မကောင်းရှူ့မကောင်းသော ပုံများရှိခြင်း ( ရှင် ကျွန်မနဲ့ အဆက်ပျက်ရင်ကျွန်မနဲ့ ရိုက်ထားတဲ့ ပုံတွေကို ဖြတ်ညှက်ကပ်လုပ်ပြီး အင်တာနက်ပေါ်မတင်နဲ့နော် )
3. ကိုယ်ကသာ ကမ္ဘာကြီးကို အင်တာနက်ကနေ ထိုင်ကြည့်နေတာ ကိုယ့်အိမ် မီးထဲပါသွားတာမသိနိုင်ခြင်း
4. အပြင်မှာလို ဘာမှလဲ လုပ်လို့မရနိုင်ခြင်း (ဟီဟိ …. ဘာမှဆိုတာ ဘာမှကိုပြောတာ)
5. ချစ်သူတွေ တစ်ယောက်ကို တစ်ယောက် မုန့်ခွင့်ကျွေးလို့မရခြင်း ၊ ရုပ်ရှင်အတူထိုင်ကြည့်လို့မရခြင်း ၊ ဘာဆိုဘာမှကို လုပ်လို့မရခြင်း ..။ (လာပြန်ပြီ …ဘာဆိုဘာမှ )
6. အင်တာနက်သုံးခြင်းသည် အနှိပ်သည်ဘ၀ကို ရောက်မှန်းမသိရောက် နေခြင်း (အချို့ဆို လက်ထိပ်ကလေးတွေ အသမာတောင် တည်နေကြပြီ )
7. အင်တာနက်ကို တနေ့ 2နာရီပဲသုံးဦး လူ့ဘ၀တစ်လျှောက် ငါးပုံ ပုံရင် တစ်ပုံကိုကုန်ဆုံးစေခြင်း အိပ်ချိန်က လူ့ဘ၀ တစ်ဝက် အမလေးလေး မတွေးရဲစရာကြီး
8. အင်တာနက်သုံးခြင်းဟာ အရေမရ အဖက်မရ စကားများဖြင့် အချိန်ကုန်စေခြင်း
9. လိမ်လည် ဖြားရောင်း အတုရောင် သတင်းများ စွာရှိခြင်း

10. အင်တာနက်သည် တကယ်တော့ တနေ့ကို ဘုရားမကြိုက်တဲ့ အလုပ် အများဆုံးလုပ်တဲ့နေရာပဲ ဖြစ်ပါသည် …..။
ဒါတွေက အပျော်သက်သက်သာ ဖြစ်ပါသည် .. မည်သူ ၊ မည်ဝါ ကိုမှ မရည်ညွှန်းပါကျွန်တော်ကိုယ်တိုင်ကိုက အင်တာနက်သုံးနေခြင်း ဖြစ်ပါသည် …။
Written By - CLOUD

Tuesday, December 13, 2011

Wi-Fi လွှင့်နည်းများ

အိမ်တွင်း၊ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။
အပိုင်း (၁) တုန်းက Wi-Fi ဝေးဝေးရောက်ချင်ရင် Wireless Router ဒါမှမဟုတ် Access Point နဲ့ Omini Antenna နဲ့ တွဲသုံးဖို့ ရေးသားခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနှစ်ခုကို ချိတ်ဆတ်ရင် ဘယ်လိုချိတ်ဆတ်မလဲဆိုတာ ကြည့်ရအောင်ပါ။ Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။
Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

Router-and-Antenna-web















အထက်ပါပုံစံအတိုင်း ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့ ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။
အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။ (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။
External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်းဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။
ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။
ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။
Wireless-Calculator
















လွှင့်တဲ့ဘက်နဲ့ ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ် Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။ Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။
wireless-result











Result တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3 mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။
CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။
TL-WA5210G









Antenna တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ CPE တွေကို Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့ အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။
CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။
connect_cpe











ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။
Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။
CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။