နေပြည်တော်၊
မတ် ၂၄
၂၃-၃-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ မြောက်မျှားကုန်းကျေးရွာအနီးတွင်
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း
သတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ချောင်းသာမှပခုက်္ကူသို့ ပခုက္ကူမြို့နယ်၊
မြစ်ကမ်းရွာနေ ဦးဘိုနီ(ခ)သင်းလှိုင်(၄၂)နှစ် မောင်းနှင်လာသော ၈င/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်သည်
မင်းလှမြို့နယ်၊ မြောက်မျှားကုန်းကျေးရွာအနီး၊ ပုသိမ်-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ်(၂၄၂/၆)အနီးသို့ရောက်ရှိစဉ်
ယာဉ်မောင်း ဦးဘိုနီ(ခ)သင်းလှိုင် အိပ်ငိုက်၍ ယာဉ်မှာ လမ်းယာဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း
သိရှိရသည်။ ယာဉ်တိမ်းမှောက် မှုကြောင့် ဘိုနီ(ခ)သင်းလှိုင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး
ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ပခုက္ကူမြို့နယ်၊ မြစ်ကမ်းရွာနေ နန်းဝင်းအောင်(၂၆)နှစ်ပါ ကျား
၃ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၁၀ ဦးတို့တွင် ဖူးရောင်ပေါက်ပြဲပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့်
မင်းဘူးဆေးရုံသို့ ပို့အပ်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ဘိုနီ(ခ)သင်းလှိုင်အား ရေနံမရဲစခန်း
ယာဉ်(ပ)၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။၂၃-၃-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ မြောက်မျှားကုန်းကျေးရွာအနီးတွင်
ရဲဇာနည်
No comments:
Post a Comment