မဇ္ဈိမသတင်းဌာန
|
ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၂၄ မိနစ်
မဇ္ဈိမ(ရန်ကုန်)။ ။ ရွှေဆိုင်တွင် ရွှေရောင်းစဉ် စကားများရန်ဖြစ်ရာမှ ဖြစ်ပွားခဲ့သည့် မိတ္ထီလာပဋိပက္ခနှင့် ပတ်သတ်၍ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ ယနေ့ မတ်လ၂၁ရက်နေ့ နေစွဲဖြင့် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့
သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက်မစ်ချယ်မှ မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု
များနှင့် အိုးအိမ်ပျက်စီးမှုများအတွက် စိုးရိမ်ကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက်အိုးအိမ် စည်းစိမ်
ပျက်ဆီးဆုံးရှုံး သွားသူများ၏ မိသားစုများအတွက် များစွာ ဝမ်းနည်း စာနာမိကြောင်း အဆိုပါ ကြေညာချက်တွင်
ဖော်ပြပြောဆိုထားသည်။ ထို့အပြင် သံရုံးအနေဖြင့် ဖြစ်ရပ်များကို မျက်ခြေမပျက် စောင့်ကြည့်လျက် ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
credit- မဇ္ဈိမသတင်းဌာန

No comments:
Post a Comment