မတ်လ
၂၄ ရက်၊ ၂၀၁၃
“အဓိက ကတော့ နဂို အနေအထားအမှန် ရောက်အောင် ပြန်လုပ်မယ်၊ နဂို အနေအထားအမှန် ဆိုတာက နဂိုတုန်းက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နေကြထိုင်ကြ စားကြသောက်ကြ လုပ်ကြကိုင်ကြ။ အဲပုံစံ အတိုင်းဖြစ်အောင် ပြန်လုပ်ပေးမှာ၊ မီးလောင်သွားတဲ့ အိမ်တွေကိုလည်း ပြန်ဆောက်ပေးရမှာပေါ့” ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသောကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ တို့နှင့်အတူ မိတ္ထီလာမြို့သို့ယနေ့မနက်တွင်ရောက်ရှိသွားခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့နှင့်အတူ မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သာသနဝေပုလ္လကျောင်းတိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များအား သွားရောက်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။
မိတ္ထီလာမြို့တွင် မတ်လ(၂ဝ)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ် စဉ်ကြောင့် သေဆုံး သူ (၃၂)ဦးရှိခဲ့ပြီး အကြမ်းဖက် ဖျက်ဆီးမှုနှင့် မီးလောင်မှုများကြောင့် ဒုက္ခသည် စုစုပေါင်း (၉၆ဝဝ)ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းများတွင်နေရာချထားလျက် ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ မတ်လ (၂၃)ရက်နေ့ ည(၈)နာရီ သတင်းတွင် ဖော်ပြခဲ့သည်။
ထက်နောင်နောင် The Myanma Age
No comments:
Post a Comment