ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးသူများဟု ယူဆရသူအချို့အား ဖမ်းဆီးထားသည့် သတင်း
နေပြည်တော် မတ် ၂၄

မိတ္ထီလာမြို့၊ လယ်ဝေးမြို့နယ် ရုံးပင် ကျေးရွာ၊ ရမည်းသင်း မြို့နယ်
ရွာတန်း ကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတို့၌ ဖြစ်ပွားခဲ့သည့် ဆူပူ
အကြမ်းဖက် မီးရှို့ဖျက်ဆီး မှုများတွင် ပါဝင် ခဲ့သည်ဟု ယူဆရသူ အချို့အား
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားရှိကြောင်း သိရှိရ သည်။
မိတ္ထီလာ မြို့၌ ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုတွင်
ပါဝင်ခဲ့သည်ဟု ယူဆ ရသူ သန်းဝင်း ၁၈ နှစ်၊ သန်းထွန်းအောင် ၃ဝ နှစ်၊
သန်းထိုက်စိုး ၃၈ နှစ်၊ ကျော်စွာလှိုင် ၃၂ နှစ်၊ အောင် မျိုး ၂၅ နှစ်၊
ညီညီကျော် ၂၇ နှစ်၊ မောင်ညို ၅ဝ နှစ်၊ အောင်နိုင်ဝင်း ၁၈ နှစ်၊ စိုးသူအောင်
၁၈ နှစ်၊ တင်အောင် ၃၂ နှစ်၊ ဝင်းဇော် ၃၆ နှစ်၊ လှထွန်းမြင့် ၂၉ နှစ်၊
စံလင်း ၂ဝ နှစ်တို့ ၁၃ ဦးအား မိတ္ထီလာ မြို့နယ် မြို့မ ရဲစခန်း၌ မတ် ၂၂ ရက်
မွန်းလွဲပိုင်းက ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း၊ တုတ်၊ ဓား
လက်နက်ကိုင်ဆောင် သွားလာခဲ့သူ အခြား ၅၂ ဦးအား ခံဝန်ချက်ဖြင့်
ပြန်လွှတ်ပေးကြောင်း သိရသည်။
ထို့အတူ လယ်ဝေးမြို့နယ် ရုံးပင်ရွာ၌
ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွင် ပါဝင် ခဲ့သည်ဟု ယူဆရသူ
ဝင်းလှိုင် ၄၉ နှစ်၊ အောင်ဆန်းဦး ၄၈ နှစ်၊ လှိုင်ဝင်း ၄၆ နှစ်၊ ကျော်စိုး
၃၅ နှစ်၊ တင်ယုလှိုင် ၃၅ နှစ်တို့ ငါးဦးအား မတ် ၂၃ ရက် နံနက်ပိုင်းက
ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်
ခဲ့သည်ဟု သတင်း ရရှိသည့် အောင်နိုင်ဆွေ၊ အေး လွင်၊ စိုးလွင်၊ အောင်လှိုင်၊
ကိုရဲ၊ မောင်ထွေး၊ ကိုပြုံး၊ နိုင်စိုးအောင်၊ အောင်နိုင်နှင့်
သန်းထွန်းတို့ ၁ဝ ဦးအား ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အလားတူ ရမည်းသင်းမြို့နယ် ရွာတန်း ကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတို့၌
ဖြစ်ပွား ခဲ့သည့် ဆူပူ အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု
ယူဆရသူ နိုင်ထွန်း ၂၂ နှစ်၊ အောင်မျိုးလွင် ၂၂ နှစ်၊ မှိုင်းကြီး ၂၂ နှစ်၊
ဖိုးဇော် ၃၅ နှစ်၊ ဝင်းမိုး ၂၅ နှစ်၊ အောင်နန်းတင် ၂၃ နှစ်၊ မိုးကောင်း ၂၃
နှစ်၊ မြင့်သိန်း ၄ဝ နှစ်၊ နိုင်လင်း ၁၈ နှစ်၊ မျိုးမြင့်အောင် ၂၉ နှစ်၊
ဘိုရှိုင်း ၁၅ နှစ်၊ လှဦး ၄ဝ နှစ်၊ တင်အောင် ၄၅ နှစ်၊ မျိုးဇော်ထွန်း ၂၁
နှစ်၊ ဇေယျာမောင်မောင် ၁၈ နှစ်၊ သန်းဇော် ၃၉ နှစ်၊ နန်းမျိုးအောင် ၁၈
နှစ်တို့ ၁၇ ဦးအား မတ် ၂၄ ရက် နံနက် ၂ နာရီခွဲတွင် ရမည်းသင်း ရဲစခန်း၌
ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သိရသည်။
တရားဥပဒေ စိုးမိုးရေး
အတွက် အဆိုပါ ထိန်းသိမ်း ထားသူများအား ဥပဒေ နှင့်အညီ အရေးယူ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
No comments:
Post a Comment