ရန်ကုန်မြို့ရှိ ဗလီများတွင် မော်လဝီဆရာ အပါအဝင် အစ္စလာမ် ဘာသာဝင်များမှ
ဗလီများအား ညဖက် လုံခြုံရေး စောင့်ကျပ်နေရသည်ဟု အစ္စလာမ် ဗလီရှိသည့်
ရပ်ကွက်တွင် နေထိုင်သူများက အင်တာနတ် သတင်းစဉ်သို့ ပြောကြားသည်။
“ သူတို့ ဘာသာဝင်တွေက ရဟန်းတစ်ပါးကို ဗလီထဲမှာ မီးရှို့လိုက်လို့ မိထ္ထီလာ ပြသနာ ကြီးထွားသွားတာကို ရန်ကုန် မှာနေတဲ့ အစ္စလာမ် ဘာသာဝင်တွေက သိတော့ ရန်ကုန်က ဗလီတွေ အတွက် စိတ်ပူနေတယ်ထင်တယ်၊ ကျနော်တို့ လမ်းထိပ်က ဗလီမှာ ညလုံးပေါက်ကို စောင့်နေကြတယ်” လို့ မင်္ဂလာတောင်ညွန့်မှ ကိုသိန်းနိုင်စိုးမှ အင်တာနတ် သတင်းစဉ်သို့ ပြောကြားခဲ့ပါတယ်၊
အလာတူ ရန်ကုန်မြို့ရှိ အခြား လူနေရပ်ကွက် အတွင်းမှ ဗလီများ တွင်လည်း အစ္စလာမ် ဘာသာဝင်များမှ ဗလီ အပြင်ဖက်တွင် ယင်းတို့၏ ဘာသာရေးဆိုင်ရာ ဗလီ လုံခြုံရေးအတွက် ညလုံးပေါက် စောင့်ကျပ်နေကြသည်ကို တွေ့ရှိရပါသည်။
(အင်တာနတ် သတင်းစဉ်)

No comments:
Post a Comment