Tuesday, April 2, 2013

မူဆယ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ



 

ဧပြီ ၁ ရက်နေ့က ဓားပြတိုက်ခံခဲ့ရသည့် ရွှင်လင်းရောင် ရွှေဆိုင် (ဓာတ်ပုံ – JLH / မူဆယ်)
ဧပြီ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က မူဆယ်မြို့ စည်ပင်သာယာ အမှတ် ၁ ဈေး အပေါ်ထပ်ရှိ ရွှင်လင်းရောင် ရွှေဆိုင်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်ပိုင်းတွင် တအာင်းတပ်နှင့် အစိုးရတပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွား



ဖနိဒါ | အင်္ဂါနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၁၉ မိနစ် 

ချင်းမိုင်(မဇ္စျိမ)။   ။ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း အစိုးရစစ်တပ်ဖွဲ့နှင့် တအာင်း လက်နက်ကိုင်တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေသည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)မှ အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောသည်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံ ရောက်ရှိ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှု လုပ်ငန်းစဉ်တွေမှာ အကူအညီပေးနိုင်မယ့် အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် သမ္မတဟောင်း Jimmy Carter ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိလာခဲ့ပါတယ်။