ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့
တွေ့ဆုံဆွေးနွေးရေးဖို့ ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ
ချိန်းဆိုထားတာကို ပြည်ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်နဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေပါဝင်ဖို့ ပန်ကြားထား
ပေမယ့် အဆင့်သင့်မဖြစ်သေးတာကြောင့်
၆ ရက်နေ့မှာ မတက်ရောက်နိုင်တဲ့အတွက် သင်္ကြန်ပွဲတော်ပြီးမှ
ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်ကို မနေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့
KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက RFAကို ပြောပါတယ်။
အစိုးရနဲ့ ကေအိုင်အိုတို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာက
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့ကဖြစ်ပြီး
အဲဒီအချိန်က သဘောတူညီချက်တချို့ကို ပူးတွဲထုတ်ပြန်နိုင်ခဲ့ပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ စုစုပေါင်း ၁၂ ကြိမ်ထက်မနည်းရှိပြီလို့ သိရပါတယ်။
RFA
No comments:
Post a Comment