Wednesday, April 3, 2013

အမှား



(၁) တခြားသူရဲ့အမှားနဲ့ ကိုယ့်ကိုယ်ကိုအပြစ်မပေးနဲ့

လက်တွေ့ဘဝမှာ လူအများစုဟာ ပင်ပန်းဒဏ်ကို မကြောက်ကြဘူး။ သေမှာမကြောက်ကြဘူး။ ဘယ်လောက်ပဲ လေးတဲ့ဝန်ဖြစ်ဖြစ် ထမ်းရမှာ မကြောက်ကြဘူး။ ဘာအခက်အခဲဖြစ်ဖြစ်
မတွန့်ဆုတ်ကြဘူး။ ဒါပေမယ့် အမှားအယွင်း၊ မတရားခံရတာကိုတော့ မခံနိုင်ကြဘူး။ အမှားအယွင်း၊ မတရားခံရတယ်ဆိုတာ ကိုယ်လုပ်တာမဟုတ်တဲ့ တခြားသူလုပ်တဲ့ အမှားတွေဖြစ်တယ်။ အဲဒီတခြားလူလုပ်တဲ့ အမှားနဲ့ ကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့။ (တခြားလူလုပ်တဲ့အမှားနဲ့ ကိုယ့်ကိုယ်ကိုဒေါသထွက်စေတာ၊ စိတ်တိုစေတာ.. စတဲ့အပြစ်တွေ မပေးမိပါစေနဲ့)

(၂) ကိုယ့်အမှားနဲ့ တခြားသူကိုအပြစ်မပေးနဲ့

ကိုယ်မတရားခံရသလို တခြားသူကိုလည်း မတရားဆက်ဆံတယ်။ ဒါဟာ တခြားသူကို ထိခိုက်နာကျင်စေတဲ့နည်းတူ ကိုယ့်ကိုယ်ကိုလည်း ပြန်ထိခိုက်နာကျင်စေပါတယ်။

(၃) ကိုယ့်အမှားနဲ့ ကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့

လူကောင်းဆိုတာ ဘာလဲ? တကယ်လို့ လူတစ်ယောက်ကို အလုပ်(၁ဝ)ခုလုပ်ခိုင်းကြည့်တယ်။ အလုပ် (၇)ခု (၈)ခုကို သူမှန်မှန်ကန်ကန် လုပ်နိုင်တယ်။ ဒါဆို သူဟာလူကောင်းဖြစ်တယ်။ ဒီစကားထဲမှာ နောက်ထပ်အဓိပ္ပာယ်တစ်မျိုး ဝှက်ထားတယ်။ လူကောင်းလည်း အမှားလုပ်နိုင်တယ်။ ဒါကြောင့် လူကောင်းအမှားလုပ်တာ ကိစ္စမရှိဘူး။ ဘယ်လောက်ပဲကြီးတဲ့ အမှားဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒါပေမယ့် အမှားလုပ်မိတာနဲ့ အမှားရဲ့ရင်းမြစ်ကို ရှာတတ်ရမယ်။ ပြုပြင်တတ်ရမယ်။ သင်ခန်းစာယူတတ်ရမယ်။ ပြောင်းလဲတတ်ရမယ်။ ကိုယ့်အမှားနဲ့ ကိုယ့်ကိုယ်ကို အပြစ်မပေးနဲ့။ အဲဒီအမှားကို ဘယ်လိုပြုပြင် ပြောင်းလဲရမလဲဆိုတာကိုပဲ ရှာဖွေပါ။

No comments:

Post a Comment