Wednesday, April 3, 2013

၁၅၀၀ ကျပ်ဖြင့် ၂၄ ရက်တွင် ဖုန်းကိုင်နိုင်မည်

800Mhz ဖုန်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ၂၄. ၄. ၂၀၁၃ ခုနှစ်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနမှကြေညာ သည်။ 800Mhz မရရှိသောနေရာများတွင် WCDMA လိုင်းကို ရောင်းချပေးသွားမည်ဟု သိရသည်။ ၎င်းဖုန်းများကို ဝယ်ယူထားပြီး ၁၅ ရက်အတွင်း သုံးစွဲရမည်ဖြစ်သည်။ ၁ လလျှင် ဖုန်းပြောဆိုခအဖြစ် အနည်းဆုံး ၂၅၀၀ ကျပ်နှုန်းသုံးစွဲရမည်ဖြစ်ပါသည်။ ငွေ ၅၀၀၀ ကျပ်ဖြည့်ထားပါက ၂ လအတွင်း ၎င်းငွေကို ကုန်အောင်သုံးစွဲရပါမည်။ မသုံးစွဲပါလျှင် ၎င်းငွေကတ်မှာ အလိုအလျောက် ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ အရေအတွက်ကို တစ်လလျှင် လိုင်းအရေအတွက် ၃ သိန်းခွဲ ချထားပေးမည်ဟုဆိုသော်လည်း ဖုန်းလိုင်းနှင့်ပက်သက်သည့် အခြေခံအဆောက်အဦများ ပြီးသွားပါက လိုင်းအရေအတွက်ကိုကန့်သတ်ချက်မရှိရောင်းချပေးမည်ဟု နိုင်ငံပိုင်သတင်းဌာနမှကြေညာသည်။
Internet Journal

No comments:

Post a Comment