Tuesday, April 2, 2013

World Mapping အပိုင်းမှာ Googleနဲ့ ပြိုင်ဖို့အတွက် Appleရဲ့ ပထမ ခြေလှမ်း Tuesday, April 2, 2013

Appleဟာ မတ်၂၅ ရက်နေ့မှာပဲ Indoor-mapping ကုမ္ပဏီတစ်ခုဖြစ်တဲ့ Wifislamကို ၀ယ်ယူလိုက်တယ်လို့ သိရပြီး Googleနဲ့အပြိုင် World-Mapping အပိုင်းကို လွှမ်းမိုးနိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ BBCနဲ့ Appleရဲ့
တွေ့ဆုံမေးမြန်းချက်များအရတော့ Appleဟာ Googleထက် ပိုမို အနုစိပ်တဲ့မြေပုံကို ဖန်တီးဖို့ရည်ရွယ်ထားကြောင်းနဲ့ အဆောက်အဦး တစ်ခုကို မြေပုံ
တွင်ကြည်ရှုရာမှာ ၈ ပေ (၂.၅ မီတာ)ထိ တိကျအောင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ Wall Street ဂျာနယ်ရဲ့ ဖော်ပြချက်မှာတော့ Apple
ဟာ Wifislamကို ၀ယ်ယူဖို့အတွက် ဒေါ်လာသန်း ၂၀(စတာလင်ပေါင် ၁၃
သန်း) ကုန်ကျတယ်လို့ ဆိုပါတယ်။

Appleဟာ အခုဖန်တီးမယ့် မြေပုံအသစ်ကို SmartPhone တွေမှာ အဓိက တပ်ဆင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ဖန်တီး သွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခုလက်ရှိ ဈေးကွက်မှာရှိနေတဲ့ Microsoft’s Bing Mapဟာတည်နေ
ရာပေါင်း ၃,၀၀၀ ကိုကြည့်ရှုနိုင်ပြီး Nokia’s Destination Maps ကတော့ တည်နေရာပေါင်း ၄,၀၀၀ လောက် ကြည့်ရှုနိုင်တယ် ဆိုပါတယ်။ Apple
ဟာ လွန်ခဲ့တဲ့နှစ်အတွင်းကတော့ မြေပုံတစ်ခုကို ဈေးကွက်တင်ခဲ့ဖူးပြီး
မြေပုံစနစ်မှာ ချွတ်ယွင်းချက်များ ရှိခဲ့ဖူးကြောင်းလည်း သိရပါတယ်။

Myanmar ICT

By Myanmar Online News

No comments:

Post a Comment