Wednesday, April 3, 2013

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါးအလွဲသုံးစားလုပ်မှု များကို အုပ်ချုပ်ရေးပိုင်းနှင့် ၀န်ထမ်းများ ပါဝင်ပတ်သက်နေဟုဆို

ကျွန်းစုမြို့နယ်အတွင်းရှိကျေးရွာတစ်ချို့တွင်မူးယစ်
ဆေးဝါး အလွဲသုံးစားလုပ်မှုများကို အုပ်ချုပ်ရေးပိုင်းနှင့် ၀န်ထမ်းများပါဝင်
ပတ်သက်နေသည်ဟုသိရသည်။
မူးယစ်ဆေးဝါးများနှင့်ဘိန်းစာမှုန့်များရောင်းဝယ်မှုမှာ ရဲစခန်း၊တ
ရားရုံး၊စစ်တပ်များမရှိသော ကျွန်းများပေါ်တွင် လုပ်ချင်သလိုလုပ်နိုင်သည့်
အရောင်းဝယ်လုပ်ငန်းတစ်ခုဖြစ်လာနေသည်။ အဲဒီလို အင်ဖတမီးဆေးပြား
မြင်းဆေးနှင့် ဘိန်းစာမှုန့်များကို ပင်လယ်ပိုင်းတွင် လွတ်လပ်စွာလုပ်ကိုင်လို့
ရသည့်အတွက် အာဏာပိုင်များနှင့် ၀န်ထမ်းများပါ ငွေရလွယ်သည့်အတွက်ပါ
ဝင်ပတ်သက်မှုများရှိနေကြောင်းသိရပါတယ်။
မြိတ်ကျွန်းစုသာမက ဘုတ်ပြင်းဘက်မှကျေးရွာများ
တွင် လည်းဝန်ထမ်းများ မှာမူးယစ်ဆေးဝါးရောင်းဝယ်သည့်လုပ်ငန်းများတွင်
ပါဝင်ပတ်သက်နေပြီး ..ပြီးခဲ့သည့်နှစ်က လောဘကြီးသည့် ..က ၀န်
တစ်ဦးဖမ်းမိသည့်သတင်းကြောင့်လူတွေသတိထားမိသော်လည်း ၀န်ထမ်း
များ အလုပ်သုံးစာလုပ်နေသည့်လုပ်ရပ်များကို လူတွေသိသော်လည်း အာ
ဏာပိုင်များ မျက်စိမှိတ်နေခဲ့ကြပါသည်။
သာဓကအနေဖြင့် ရေကန်တောင်ကျေးရွာတွင် မူးယစ်ရာဇာ ရန်
နိုင်နှင့်အဖွဲ့ မှာ သောင်းကျန်းနေခွင့်ရသည်မှာအာဏာပိုင်များနှင့် ၀န်ထမ်း
များပါဝင်ပတ်သက်နေသည်အချက်များရှိနေသည်။ ရန်နိုင် - ( ) ဦးမောင်
ဝင်း၊ ( မိ ) ဒေါ်စောဝါ တို့ သားဖြစ်ပြီး ၄င်း၏ဇနီးမှာ ကျောင်းဆရာမ
ကြည်ပြာယု ဆိုသူဖြစ်ပြီး ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးပိုင်းမှခန့် အပ်ထားသော
ရေကန်တောင်စာရေး မင်းပြည့်ဖြိုးမှာလည်း မူးယစ်ရာဇာ ရန်နိုင်၏ အမြဲ
တန်းဖောက်သည်ဖြစ်ဖစ်တယ်။၎င်းမင်းပြည့်ဖြိုးမှာအဲဒီသတင်းကိုဘယ်ကောင်မှမဖော်ထုတ်နိုင်ဘူးသတင်းဆိုတာဖုန်းကွယ်ထားလို့ ရတယ်လို့ ရွာ မှာအမြဲစိန်ခေါ်လေ့ရှိတယ်ယခင်အုပ်ချုပ်ရေးမှူးဟောင်းလည်းသိသလို..ရွာတွင်ဒီလိုမူးယစ်ဆေးဝါးများလွတ်လပ်စွာရောင်းခွင့်ရနေသည်မှာမည်သူ့တွင်တာဝန်ရှိပါလဲ..ဓာတ်ပုံထဲမှာပါသူများကတော့ ရောင်းသူ/ကာပေးနေသူ၊သုံးစွဲ
သူ သုံးဦးစလုံးပါပဲ..တစ်ချို့ ရွာတွေမှာလည်း တစ်ရွာလုံးတွင်တစ်ဦးတည်းက
အရက်ရောင်းချခွင့်ကိုဘယ်ဥပဒေကခွင့်ပြုထားသည်မသိမူပိုင်ယူထားတွေ..
ရေတပ် င၀ါးတွေနှင့်ပေါင်းပြီး လုပ်ချင်သလိုလုပ်နေတာတွေအခုခေတ် မှာ
ဖုန်းကွယ်ထားလို့ မရတော့ပါဘူး.. နောက်ထပ် News 0f Myeik မှာမပါချင်
ရင် နားလိုက်ကြတော့ ပြည်သူတွေကို အရူးလုပ်နေတာတွေနားလိုက်ကြပါ
တော့ ဘယ်သူသေသေငတေမှာ ဆိုတဲ့ စိတ်ဓာတ်တွေ..ဒီမြိတ်ကျွန်းစုမှာငါ
တာဝန်ကျတုန်းအပီးကြုံးသွားမယ် ဒီနေရာမှာဘာပဲဖြစ်ဖြစ် ငါ့အလုပ်မဟုတ်
ဘူးငါချမ်းသာရင်ပြီးရောဆိုတဲ့စိတ်ဓာတ်တွေ..ဖယ်ထုတ်လိုက်ကြတော့တစ်
ကယ်လို့ ဒီလိုစိတ်မျိုးမမွေးနိုင်ရင် လစ်တော့လို့ .. နာမည်မပါခင်..ကြိုတင်
အသိပေးလိုက်တယ်။

News 0f Myeik

No comments:

Post a Comment