Tuesday, April 2, 2013

နူးကလီးယားဓာတ်ပေါင်းဖို ပြန်လည်ပတ်မည်ဟု မြောက်ကိုရီးယား ပြောကြား

Tuesday, April 2, 2013

အရှေ့အာရှ ဒေသရှိကွန်မြူနစ် နိုင်ငံသည် နိုင်ငံရေးပြိုင်ဘက် တောင်ကို
ရီးယား၊ ရန်သူတော် အမေရိကန် ပြည်ထောင်စုတို့နှင့် ဆက်ဆံရေး အတင်း
မာဆုံး မြင့်တက်နေချိန်၌ အင်္ဂါနေ့က နျူကလီးယား ဓာတ်ပေါင်းဖို့ ပြန်လည် အသက်သွင်းရေး ကိစ္စအား ကြေညာခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံက မိမိတို့၏ လက်နက် အစီအစဉ်များအတွက်
နူးကလီးယား ဓာတ်ပေါင်းဖို တစ်ခုကို ပြန်လည်၍ အသက်ဝင် လည်
ပတ်စေမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အရှေ့အာရှ ဒေသရှိ ကွန်မြူနစ် နိုင်ငံသည် နိုင်ငံရေးပြိုင်ဘက် တောင်ကိုရီးယား၊ ရန်သူတော် အမေရိကန် ပြည်ထောင်စုတို့နှင့် ဆက်ဆံရေး အတင်းမာဆုံး မြင့်တက်နေ
ချိန်၌ အင်္ဂါနေ့က နျူကလီးယား ဓာတ်ပေါင်းဖို့ ပြန်လည် အသက်သွင်းရေး ကိစ္စအား ကြေညာခဲ့ခြင်း ဖြစ်သည်။

နျူကလီးယား လက်နက် စမ်းသပ်မှုအတွက် ကုလသမဂ္ဂ၏ ပိတ်ပင်တား
ဆီးမှုများနှင့် တွေ့ကြုံနေရသည့်တိုင် မြောက်ကိုရီးယား ပိုမို၍ မိုက်မိုက်
ကန်းကန်းဆန်သော ခြေလှမ်းမျိုးကို လှမ်းရန် အသင့်ရှိနေပြီဟု နိုင်ငံရေး သုတေသီများက သုံးသပ်ခဲ့သည်။

ထိုအခြေအနေတွင် ကိုရီးယား ကျွန်းဆွယ်အနီး၌ အမေရိကန်၏ B-52နှင့် B-2 ဗုံးကြဲလေယာဉ်ကြီးများက စစ်ရေးပြ ဝဲပျံနေသလို အမေရိကန် ဖျက်
သင်္ဘော တစ်စင်းကလည်း တောင်ကိုရီးယား ကမ်းခြေကို ကျော်လွန်
လာနိုင်သည့် ဒုံးကျည်များအား ဟန့်တားဖျက်ဆီးမည့် တာဝန်ကို ထမ်းဆောင်
ရန် ခုတ်မောင်း စောင့်ကြပ်လျှက် ရှိသည်။

ပြုံယမ်းအစိုးရ၏ နျူကလီးယားစွမ်းအင်ဌာန တာဝန်ရှိသူ တစ်ဦးက ယွန်ဗြွန်းရှိ နျူကလီးယား ဓာတ်ပေါင်းဖိုနှင့် ယူရေနီယမ် သန့်စင်စက်ရုံကို အပြည့်အဝ ပြန်လည် လည်ပတ်မည်ဟု ပြောကြားခဲ့သည်။

"အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ နျူကလီးယား လက်နက်တွေ
ကို အရည်အသွေး အရရော၊ အရေအတွက် အရပါ မြှင့်တင်ဖို့ ဖြစ်ပါတယ်"
ဟုလည်း အဆိုပါ အရာရှိက KCNAသတင်းဌာနသို့ ပြောဆိုသွားသည်။

မြောက်ကိုရီးယားသည် ၅ မဂ္ဂါဝပ်ရှိ အဆိုပါ ဓာတ်ပေါင်းဖိုကို (၂၀၀၇)ခုနှစ်၊ ဇူလိုင်လက (၅)နိုင်ငံ သဘောတူညီချက်အရ ပိတ်ထားခဲ့ပြီး နောက်
တစ်နှစ်တွင် ယင်း၏ အအေးခံ တာဝါကိုပါ ဖျက်ဆီးခဲ့ကြောင်း သိရှိရ
သည်။

မြောက်ကိုရီးယား၏ နျူကလီးယားဓာတ်ပေါင်းဖိုတည်နေရာ
Source: AsiaOne

By Planet Myanmar Network

No comments:

Post a Comment