Saturday, March 23, 2013

"တံမြက်လှည်းခြင်း အကျိုး ( ၅) ပါး"



ကိုယ့်စိတ် သူ့စိတ်၊ ယိုဖိတ်ကြည်လင်
နတ်တို့ လေးစား။ လွန်ပွား ချစ်ခင်
ကြည်ညို ဖွယ် ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်
နတ်ပြည်သို့ ရောက် ၊ ထွန်းတောက်ကျိုးငါးအင်

(၁) တံမြက်လှည်းထားသော နေရာဒေသကို မြင်၇သဖြင့်
တစ်ပါးသူတို့ စိတ်ကြည်လင်မှု ရရှိခြင်း။
(၂) တံမြက်လှည်းသူ ကိုယ်တိုင်လည်း စိတ်ကြည်လင်မှုရရှိခြင်း။
(၃) စောင့်ရှောက်နေသော နတ်များကလည်း ချစ်ခင်ခြင်း။
(၄) ရုပ်ရည်လှပခြင်း။
(၅) သေသည်မှ နောင်တွင် နတ်ဖြစ်ရခြင်း။
နတ်ပြည်သို့ ရောက်ခြင်း။

Young Buddhist's Association

တူညီသော ကိုယ်ချင်းစာတရား

 
ဆရာဝန်ပြေးလာပါတယ်။ မိုးသဲသဲထဲကနေ ရေစိုရွှဲစွာနဲ့ပဲ ခွဲစိတ်ခန်းနားထိ ပြေးလာပါတယ်။ သူနောက်ကျနေလို့ ဖြစ်ပါတယ်။

ရောက်ရောက်ချင်း မိုးကာ အင်္ကျီချွတ်လို့ ခွဲစိတ်ခန်း ဝတ်ဆုံ ဝတ်ဆင်လိုက်ပါတယ်။ ခွဲစိတ်ခန်းဝင်ခါနီးမှာပဲ လူနာရှင် ကလေးငယ်ရဲ့  မိဘ များက ယခုလို လာပြောပါတယ်။